စာစု ၁၀

Injector Diagnosis

အင်ဂျက်တာ မကောင်းရင် မီးခိုးအထွက်များခြင်း.မီးခေါက်သံထွက်ခြင်း. အပူလွန်ကဲခြင်း
စတာတွေဖြစ်နိုင်ပြီး အရုန်းအစွဲကျပြီးရေရှည်မှာ အင်ဂျင်ပျက်စီးနိုင်ပါတယ်...
ဒါကြောင့် injector service မလုပ်ခင် injector connection ကောင်းမကောင်း
ECU က နေ Voltage ပေးပို့မှု မှန် မမှန် multimeter နဲ့ စစ်ဆေးဖို့လိုပါတယ်. ..
များသောအားဖြင့် injector မှာ +B, IJT စတဲ့ ငုတ်နှစ်ခုပါဝင်ပြီး တိုင်းတာဖို့အတွက်
ဆော့ကဒ်ကိုဖြုတ်ပြီး+B ငုတ်နဲ့ Body ground နဲ့ တိုင်းတာလိုက်မယ်ဆိုရင် 9V to 14V
ကြားရှိနေရပါမယ်...injector အများစုကတော့ 12V နဲ့ အလုပ်လုပ်တဲ့အတွက် Voltage test လုပ်တယ်ဆိုရင် 12V အတွင်းရှိနေရင် injector ပုံမှန်အလုပ်လုပ်ပါတယ်
Injector. နှစ်မျိုးရှိပါတယ်...

အဲ့ဒါတွေကတော့ low impedance injector နဲ့ impedance injector တို့ပဲ ဖြစ်ပါတယ်.. အဲ့ဒီနှစ်ခုရဲ့ လုပ်ဆောင်ပုံက ထူးထူးခြားခြား
ကွဲပြားတာ မဟုတ်ပဲ ECU ကနေ Current input ပေးတဲ့ အပိုင်းသာ နည်းနည်းကွဲပြား
မှာပဲဖြစ်ပါတယ်...Low impedance injector ကို resistance test လုပ်ကြည့်ပါက 1.5 ohm to 5ohm ကြားရှိနေမှာပါ...နောက်ပြီး high impedance injector ကို ohm test လုပ်ကြည့်မယ်ဆိုရင် 8ohm နဲ့15ohm. လောက်ရှိနေပါတယ်...

အချို့ low impendance injector တွေကို တိုင်းကြည့်ရင် 2ohm to 4ohm ကြာသရှိတာတွေ့ရပါလိမ့်မယ်...
ဒါ့အပြင် high impedance injector ကိုပါ ထပ်ပြီးတိုင်းတာပါက 10ohm to 40ohm
အတွင်းရှိနေပါတယ်...ohm တန်ဖိုးက တော့ အသုံးပြုပုံအလိုက် အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်...

ဖော်ပြပါ စာပိုဒ်ကိုတော့ ဆရာဇော်မိုး ရဲ့ EFI Sensors Wirring စာအုပ်မှ တစ်ဆင့်ကူးယူဖော်ပြခြင်းဖြစ်ပါတယ် ခင်ဗျာ...

ဒီလို EFI sensors wirring အကြောင်းတွေကို တစ်စုတစ်စည်းတည်း ဖော်ပြပေးထားတာလေးတွေ ဖတ်ချင်တယ် ဆိုရင်တော့ ဆရာဇော်မိုး(EFI) ရေးသားတဲ့ EFI Sensors Wirrnig. နှင့်မော်တော်ယာဉ်အခြေခံနည်းပညာများ စာအုပ်ကို ဝယ်ယူဖတ်ရှု နိုင်ပါတယ်ခင်ဗျာ....

*** AK Car Tools***
*အဆင့်မြင့်နည်းပညာများ လွယ်ကူလာရမည်*
Visitors: 12,486