အပြစ်ရှာပြုပြင်ခြင်း လမ်းစ - စာစု ၃.၁

အပြစ်ရှာပြုပြင်ခြင်း လမ်းစ

ကားတွင် ပြစ်ချက်ကုဒ်ပေါ်ပြီးဆိုတာနဲ့ သင့်သည် အပြစ်ရှာပြုပြင်ခြင်းကို စတင်လုပ်ဆောင်နိုင်ပါပြီ။

အရေးကြီးသော အချက်မှာ ကားတွင်ပြစ်ချက်ကုဒ်ပေါ်ခြင်းသည် အပြစ်ရှာ ပြုပြင်ခြင်းမဟုတ်ပါ။ အပြစ်ရှာရန်လမ်းစသာဖြစ်သည်။

အဲဒါဆိုရင်နောက်တစ်ဆင့် ဘာလုပ်ရမလဲဆိုတော့ ပြစ်ချက်ကုဒ်များအရ အပြစ်ရှာဖွေရန် လျှပ်စစ်ပတ်လမ်းများနှင့်ဆိုင်သော ဒေတာများ(လိုက်ဖ်ဒေတာ)ကို ကြည့်ရတော့မည်ဖြစ်သည်။

ထွက်လာသောပြစ်ချက်ကုဒ်များကိုကြည့်ခြင်းအားဖြင့် သင်သည်ပြဿနာများကို မည်သို့ခွဲထုတ်၍ မည်သည့်နေရာမှစတင် အပြစ်ရှာရမည်ကို သိရှိနိုင်ပါသည်။

ထိုသို့မဟုတ်ပဲ အစိတ်အပိုင်းများကို ခန့်မှန်းခြေဖြင့် ဆုံးဖြတ်၍ လဲတတ်ကြည့်ခြင်းများ စသဖြင့်လုပ်ဆောင်မှုများသည် ငွေကုန်ကြေးကျများပြီ ထိရောက်စွာဖြင့်လည်း ပြဿနာများကို ပြေလည်စေနိုင်မည် မဟုတ်ပါ။

ထိုထွက်လာသောပြစ်ချက်ကုဒ်နှင့်သက်ဆိုင်သော ဒေတာ ဂဏန်းများကို ကားကွန်ပျူတာ အပြစ်ရှာစက်(စကန်တူး)များ၏ လိုက်ဖ်ဒေတာ နေရာတွင် ကြည့်၍ စစ်ဆေးနိုင်ပါသည်။ နည်းပညာမြင့်သော စကန်တူးများသည် ဒေတာများကို ဂဏန်းများ အပြင် ဝေ့ဖောင်စနစ်၊ ဇယားစနစ်များလည်း ကြည့်ရှုနိုင်ခြင်းကြောင့် ပြစ်ချက်ရှိနေသော နေရာကို ပို၍မြင်လွယ်ပါသည်။ ထိုနောက် အပြစ်ရှိနေသည်ဟုတ်ထင်သော နေရာမှ ရလေးများ၊ အကျူရိတ်တာများ၊ မော်တာများ စသည်တို့ကို စကန်တူးမှ အက်တစ်တက်စ် ဖန်ရှင်ကို အသုံးပြု၍ အဖွင့်၊အပိတ်လုပ်၍လည်း စစ်ဆေးနိုင်သည်။ ထိုသို့ စစ်ဆေး၍ရခြင်းကြောင့် ပြုပြင်ရမည့်အစိတ်အပိုင်း (သို့) လဲရန်လိုအပ်သည့် အစိတ်အပိုင်းအား မည်သည့် အစိတ်အပိုင်းမျှမဖြုတ်ရခင်တွင်ပင် စကန်တူးပေါ်တွင် အပြစ်အား တိကျစွာ ရှာတွေနိုင်သောကြောင့် အချိန်ကုန်လူပန်ပင်များစွာသက်သာသွားပါသည်။


အကယ်၍ သင့်သည် လိုက်ဖ်ဒေတာ အနေအထားများကို သေချာစွာ ခွဲခြားကြည့်၍မရပါက အပြစ်ရှာဖွေရန်ဤသို့ ပြုလုပ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကားများသည် တစ်စီးနှင့်တစ်စီး ဒေတာများ ထုတ်ပေးသော အနေအထားများ မတူသောကြောင့်ဖြစ်သည်။ တစ်စီးတွင်တော့ ထိုဒေတာသည်ကြည့်၍ရပြီး နောက်တစ်စီးတွင်ကြည့်၍ရနိုင်တာလည်းရှိသည်။ ထိုသို့ဖြစ်ရခြင်းသည် ကားတွင်တပ်ဆင်ထားသော ကွန်ပျူတာဘောက်၏ ပရိုဂရမ်သွင်းထားမှုနှင့် အဓိက သက်ဆိုင်ပါသည်။ထိုကြောင့် လိုက်ဖ်ဒေတာအသေးစိတ်ကြည့်၍မရခဲ့ပါက ဤနည်းလမ်းအားသုံးရတော့မည်ဖြစ်ပါသည်။

ပြစ်ချက်ကုဒ်တစ်ခုသည် လျှပ်စစ်ပတ်လမ်းကြောင်းတစ်ခုအား ညွှန်းဆိုနေပါက ထို လျှပ်စစ်ပတ်လမ်းနှင့်သက်ဆိုင်သော ဆော့ကစ်ခေါင်းများ၊ ဝါယာကြိုး အစ-အဆုံး ဆက်သွယ်နေမှုများကို စစ်ဆေးရမည်။ ဗို့အား စီးဆင်းမှုများကို စစ်ဆေးပါ။ အကယ်၍ အာရုံခံသော ဆင်ဆာများရှိပါက ထိုဆင်ဆာ၏ အထွက် ဆင်ဂနယ်သည် ကားမှလုပ်ဆောင်မှု အခြေအနေအပေါ်တွင်လိုက်၍ ပြောင်းလဲခြင်းရှိ၊မရှိ စစ်ဆေးပါ။ ပြောင်းမှုမရှိပါက ထိုဆင်ဆာသည် ချို့ယွင်းနေသည်။ ထိုသို့ အပြစ်ရှာရန်အတွက် မာတီမီတာကိုလအသုံးပြု၍ ဗို့အားများ၊ ခုခံအားများ၊ ကြိမ်နှုန်းများကို တိုင်းတာရမည်ဖြစ်သည်။

 

ဆက်ရန်...........

EUCLEIA BY AK CAR TOOLS

"အဆင့်မြင့်နည်းပညာများ လွယ်ကူလာရမည်"

Visitors: 12,490