အင်ဂျင် ချက်မီး (MIL) - စာစု ၂.၄

အင်ဂျင် ချက်မီး (MIL)

အင််ဂျင်ချက်မီးအား ပြန်ဖျောက်ခြင်း

အင်ဂျင်ချက်မီးသည် ကားတွင် ပြစ်ချက်ရှိနေသေးသ၍တော့ လင်းနေမည် ဖြစ်သည်။ ထိုကုဒ်အတွက် ပြစ်ချက်များအား ပြင်ဆင်ခြင်းများ ပြုလုပ်ပြီး သွားသောအခါ ကားအားလမ်း ၃ ကြောင်းခန့်မောင်းပြီးသော အခါ ချက်မီးသည် သူ့အလိုလို ပျောက်သွားတတ်သည်။ သို့ပေမယ့် ECU မန်မိုရီ ထဲတွင်ကျန်နေသေးသည်။ ထိုမန်မိုရီထဲမှ ကုဒ်သည် လမ်းကြောင်း ၄ဝခန့် မောင်းပြီးချိန်တွင် မန်မိုရီထဲမှ အပြီးဖျက်လိုက်သည်။
အကောင်းဆုံးနှင့် အန္တရာယ်အကင်းဆုံးသော နည်းလမ်းသည် အပြစ်ရှာစက် အသုံးပြု၍ ကုဒ်ဖျောက်ခြင်းဖြစ်သည်။ အရင် OBD II စနစ်မဖြစ်ခင်တုန်း ကားများတွင်တော့ ဘက်ထရီ အမ ဘက်ကို ဖြုတ်ခြင်း (သို့ပေမယ့်) PCM ဖျူးများ ဖြုတ်ခြင်း စသော နည်းများဖြင့် ကုဒ်ကို ဖျောက်နိုင်ပါသည်။ အကယ်၍ပြဿနာအား မပြုပြင်ရသေးရင်တော့ အင်ဂျင်ချက်မီးသည် ပြန်လင်းလာမည် ဖြစ်သည်။ ထိုနည်းများကို OBD II ကားများတွင် အောက်ဖော်ပြပါ အကြောင်း အရင်းများ ကြောင့် အသုံးမပြုသင့်ပါ။
သတိပေးချက်
OBD IIကားများတွင် PCM ဖျူးဖြုတ်ခြင်း၊ ဘက်ထရီ အမ ဘက်အား ဖြုတ်ခြင်းသည် ECU ထဲမှ အရေးကြီးသော အချက်အလက်များကို ပျောက်ဆုံးစေနိုင်ပါသည်...

#ဆက်ရန်...

Eucleia By AK CAR TOOLs
***(အဆင့်မြင့်နည်းပညာများလွယ်ကူလာရမည်***

Visitors: 12,495