အင်ဂျင် ချက်မီး (MIL) - စာစု ၂.၃

အင်ဂျင် ချက်မီး (MIL)

အပြစ်ရှာဖွေရပိုမိုခက်ခဲသော ကုဒ်သည် မစ်ဖိုင်းယား (မီးပျောက်)သည့် ကုဒ်ဖြစ်သည်။OBD II စနစ်သည် ဆလင်ဒါတစ်လုံး၏မစ်ဖိုင်းယားကိုဖတ်နိုင်သည်ကျပန်းဖြစ်နေသည်။မစ်ဖိုင်းယားကိုလည်းဖတ်နိုင်သည်။ အကယ်၍ မီးပြောက်သည့် ပြစ်ချက်ကုဒ်သည် ဆလင်ဒါတစ်လုံးတည်းအတွက်ဖြစ်သည် ဆိုပါက P0301ဟုပြမည်။ထိုကုဒ်သည်ဆလင်ဒါ နံပါတ်(၁)အတွက်သာဖြစ်သည်။တခြားဆလင်ဒါတွေအတွက်လုံးဝမဖြစ်နိုင်ပါ။ ထိုသို့ပြပြီဆိုလျှင်ထိုဆလင်ဒါနံပါတ်(၁) နှင့်သက်ဆိုင်သော ပြဿနာများဖြစ်သည့် ပလပ်မကောင်းခြင်း၊ အင်ဂနေးရှင်းကွိုင် မကောင်းခြင်း၊အားနည်းခြင်း၊ ၀ါယာရိန်းလိုင်းမကောင်းခြင်း ၊ အင်ဂျက်တာချေးပိတ်ခြင်း ၊ အင်ဂျက်တာအလုပ်မလုပ်ခြင်း ၊(သို့မဟုတ်) ကွန်ပရက်ရှင်ပြဿနာများဖြစ်သော (ဗားမကောင်းခြင်း၊ ဟတ်ဂစ် စကတ် မလုံတော့ခြင်း ၊ ကမ်ဖုစားပြီး လုံးသွား ခြင်း) စသည်တို့ဖြစ်နိုင်သည်။ သင်တွေ့သည့်အတိုင်းပါပဲ။ နေရာအများကြီးများဖြစ်နိုင်ချေတွေရှိနေတယ်။ အဓိက ပြဿနာ ရှိနေသည့် နေရာသည် ဆလင်ဒါနံပါတ် (၁)မှာသာရှိသည်။ သင်သည်ထိုဆလင်ဒါ အတွက်သာလုပ်ရတော့မည်။တခြားဆလင်ဒါ အတွက်တောင်ကြည့်ရန်မလိုတော့ပါ။ ဒါပေမယ့် မက္ကင်းနစ်တစ်ယောက်အနေဖြင့် ထိုဖြစ်နိုင်ခြေရှိသောပြဿနာထဲမှ အဓိက ပြုပြင်လဲလှယ်ရန် လိုအပ်သော အစိတ်အပိုင်းကို တိကျစွာစစ်ဆေး အပြစ်ရှာပြီးပြုပြင်လဲလှယ်နိုင်ရန် လိုအပ်ပါသည်။ နောက်တစ်မျိုးသည် ကျပန်းမီးပျောက်သည့် ပြစ်ချက်ကုဒ်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် P0300 ဟုကုဒ်ထွက်သည်။ ထိုကုဒ်သည်လည်း အပြစ်ရှာရခက်ပြီး စစ်ဆေးအပြစ်ရှာရမည်။ အစိတ်အပိုင်းများသော ကုဒ်တစ်ခုလည်း ဖြစ်သည်။

#ဆက်ရန်...

Eucleil by AK CAR TOOLS
***(အဆင့်မြင့်နည်းပညာများလွယ်ကူလာရမည်)***

Visitors: 12,488