အင်ဂျင် ချက်မီး (MIL) - စာစု ၂.၂

အင်ဂျင်ချက်မီး

​​​အိုကေ၊ ခုဘာလုပ်ကြမလဲ ။

အင်ဂျင်ချက်မီးပေါ်လာခြင်းသည် ကားတွင်အရေးတကြီး ပြဿနာ ဟုတ်လား ၊မဟုတ်ဘူးလား။ တစ်ခုတည်းသော နည်းလမ်းသည်ကားကွန်ပျူတာ အပြစ်ရှာစက်ဖြင့် အပြစ်ရှာစစ်ဆေးခြင်းပင်ဖြစ်သည် ။ ဤတွင် အရေးတကြီး သတိပြုရမည့် အချက်တစ်ခုမှာ အင်ဂျက်ချက်မီးအပြင် တစ်ခြားသောသတိပေးမီးများရောလင်းနေသေးလား။ ဒါမှမဟုတ်အင်ဂျင်သည်ပုံမှန်မဟုတ်သောအသံများ ထွက်နေလား။ အင်ဂျင်အဆွဲ မကောင်းဘူး ဖြစ်နေလား။ အေ့ဇောငွေ့အရမ်းထွက်နေလား။စသဖြင့်ဦးစွာစစ်ဆေးရမည် ။

-အကယ်၍အင်ဂျင်ဝိုင်မီးလင်းနေသည်ဆိုလျှင်ကားစက်ချက်ချင်းရပ်ရမည်။

အင်ဂျင်အပူချိန်ကျော်လွန်ခြင်း၊အခြေအနေသည် ရေတိုင်ကီယိုစိမ့်နေခြင်း၊ ကူးလန့် ပမာဏနည်းနေခြင်း ၊ သာမို စတတ် မကောင်းခြင်း၊ ဖန်မော်တာ (သို့) ဖန်ကလပ်မလည်ခြင်း ၊ ပန်ကာကြိုးပြတ်နေခြင်း၊ ရေတိုင်ကီချေးပိတ်နေခြင်း စသည်တို့ကြောင့်ဖြစ်သည်။

ပြစ်ချက်ကုဒ်ဖတ်ခြင်း

ပြစ်ချက်ကုဒ်အား ဖတ်ရန်အတွက် ကွန်ပျူတာအပြစ်ရှာစက်လိုအပ်ပါသည်။ပြစ်ချက်ကုဒ်ဖတ်ခြင်းသည်အပြစ်ရှာပြုပြင်ခြင်း၏ အစဖြစ်သည်။ အဆုံးမဟုတ်သေးပါ။ မက္ကင်းနစ်က ထိုထွက်လာသောပြစ်ချက်နှင့်သက်ဆိုင်သော ပြစ်ချက်နှင့် သက်ဆိုင်သော ဆားကစ်များ၊ ၀ါယာရိန်းစနစ်များနှင့်အစိတ်အပိုင်းများကို စစ်ဆေး၍ ပြုလုပ်ရမည့်အပိုင်းနှင ့်လဲရမည့် အပိုင်းတွေကိုမှတ်ချက်ချဖို့လိုပါသေးတယ်။ ပြစ်ချက်ပြဿများသည်တစ်ဆင့်ချင်း စစ်ဆေးပြုလုပ်ဖို့ လိုအပ်ပါသည်။ နောက်ဆုံးအဆင့်ကို ချက်ချင်းသွားခြင်းသည် မှားယွင်းစွာ လုပ်ဆောင်ခြင်းသာဖြစ်သည်။ ဥပမာအားဖြင့် အင်ဂျက်ချက်မီး၍ပြစ်ချက်ကုဒ်သည် အောက်ဆီဂျင်ဆင်ဆာကုဒ် (P0130) ထွက်သည်ဆိုကြပါဆို့။ ထိုကုဒ်သည်ဆင်ဆာမကောင်းခြင်း(သို့)လျော့ရဲနေခြင်း(သို့)၀ါယာရိန်းပြဿနာဖြစ်နေခြင်း စသည်ဖြင့် ဖြစ်လိမ့်မည်။ အောက်ဆီဂျင် ဆင်ဆာကုဒ် ထွက်တယ်ဆိုတိုင်း ဆင်ဆာကို လဲလိုက်ပေမယ့်လဲ ၀ါယာရိန်းပြဿနာကြောင့် အဓိကဖြစ်သည်ဆိုလျှင် ဆင်ဆာလဲခြင်းသည် အလကားသာဖြစ်သွားမည်။ထို့ကြောင့်လိုအပ်သောစစ်ဆေးမှုများ ဦးစွာမပြုလုပ်မီ အစိတ်အပိုင်းတစ်ခုအား လဲခြင်းမျိုး မလုပ်သင့်ပါ....

#ဆက်​ရန်​....

Eucleia by AK CAR TOOLS
***(အဆင်​့မြင်​့နည်​းပညာများ လွယ်​ကူလာရမည်​)***

Visitors: 12,488