ကျွန်ုပ်တို့ အကြောင်း

AK CAR TOOLS သည် ကားပြုပြင်ရေးလုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများရောင်းချသော အရောင်းပြခန်း ဖြစ်သည်။ 

 

2012 ခုနစ်တွင် စတင်တည်ထောင်၍ ကားပြုပြင်ရေးလုပ်ငန်းများတွင် အဓိက လိုအပ်နေသော ကားကွန်ပျူတာ အပြစ်ရှာပြုပြင်စက်များ နှင့် ပြုပြင်ရေးလုပ်ငန်းသုံး စပါယ်ရှယ် ပရောဖက်ရှင်နယ် စက်ပစ္စည်း ကိရိယာများကို ခေတ်နှင့် တစ်ပြေးညီရောင်းချပေးပါသည်။

 

ရည်မှန်းချက်

 

မြန်မာတစ်နိုင်ငံလုံးကိုကားပြုပြင်ရေးလုပ်သုံးအရည်အသွေးမြင့်စက်ပစ္စည်းကိရိယာများဖြန့်ချိရောင်းချနိုင်ရန်

အဆင့်မြင့်လုပ်ငန်းခွင်တည်ထောင်နိုင်ရန်

ရည်ရွယ်ချက်

 

 မြန်မာနိုင်ငံမှဝပ်ရှော့ လုပ်ငန်းများနည်းပညာမြှင့်စက်ပစ္စည်းကိရိယာများကိုကမ္ဘာနှင့်ရင်ဘောင်တန်း၍လွယ်ကူစွာကိုင်တွယ်အသုံးပြုလာနိုင်စေရန်

မန္တလေးမြို့ နှင့် အခြားမြို့များတွင် ဆိုင်ခွဲများဖွင့်နိုင်ရန်

ဆောင်ပုဒ်

 

အဆင့်မြင့် နည်းပညာများ လွယ်ကူလာရမည်

 

 

ယူကလီယား အမှတ်တံဆိပ် ကားကွန်ပျူတာ အပြစ်ရှာပြုပြင်စက်များကို မြန်မာနိုင်ငံ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချိ ရောင်းချလျက်ရှိပါသည်။ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တရားဝင်ရရှိထားခြင်းကြောင့် ဝန်ဆောင်မှုအပိုင်း၊ လုပ်ငန်းလိုအပ်ချက်အပိုင်းများအား ပြည့်ဝစွာ တာဝန်ယူဆောင်ရွက်ပေးနိုင်ပြီ ဖြစ်ပါသည်။

 

 

 

ယူကလီယား ကိုယ်စားလှယ် လက်မှတ်

 

 

 

 

 

 

 

လက်ရှိအချိန်တွင် AK CAR TOOLS သည် ကြည့်မြင်တိုင်မြို့နယ်တွင် တစ်ဆိုင် နှင့် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ယာဉ်အပို ပစ္စည်းရောင်းဝယ်ရေး စခန်း အတွင်းတွင် တစ်ဆိုင် စသည်ဖြင့် ဆိုင်ခွဲနှစ်ဆိုင်ဖြင့် ရောင်းချနေပါသည်။

 

ကြည့်မြင်တိုင်ဆိုင်

ဘုရင့်နောင်ဆိုင်

 ကားကွန်ပျူတာ အပြစ်ရှာပြုပြင်စက်များအပြင်

 အင်ဂျက်တာစက်

အင်ဂျင်ဝိုင်စက်

 အော်တိုဆီစက်

အင်ဂျင်အပိုင်းသုံး ပစ္စည်းကိရိယာများ

ဂီယာဘောက်အပိုင်းသုံး ပစ္စည်းကိရိယာများ

ကားအောက်ပိုင်းသုံး ပစ္စည်းကိရိယာများ

ကားဘော်ဒီအပိုင်းသုံး ပစ္စည်းကိရိယာများ

ဘရိတ်အပိုင်းသုံး ပစ္စည်းကိရိယာများ

ကားဘီးအပိုင်းသုံး ပစ္စည်းကိရိယာများ

လေအားသုံး ပစ္စည်းကိရိယာများ

ဝါယာရိန်းအပိုင်းသုံး ပစ္စည်းကိရိယာများ

အေ့ဇောအပိုင်းသုံး ပစ္စည်းကိရိယာများ

ရေတိုင်ကီ နှင့် အဲကွန်းအပိုင်းသုံး ပစ္စည်းကိရိယာများ

ဘက်ထရီအပိုင်းသုံး ပစ္စည်းကိရိယာများ

ကားမဂျိုင့်များ

နတ်ဖြုတ်၊ နတ်တတ် ပစ္စည်းကိရိယာများ

ပလာယာများ

ပစ္စည်းတင် တွန်းလှည်းများ

အခြားဆက်စပ်ပစ္စည်းများ 

စသော ပြုပြင်ရေးလုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများကို တစ်နေရာတည်းတွင် အစုံလင်စုံးဖြစ်အောင်ရောင်းချပေးနေပါသည်။

Visitors: 6,384